ဒီမှာပြောခဲ့ပေးပါ

06 June, 2010

ထက်ထက်မိုးဦးက သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက သတင်းထောက်တစ်ဦးအား အင်တာဗျူးမေးမြန်းမှုအပေါ် မကျေနပ်မှုနှင့်ပတ်သက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်သောကြောင့် နစ်နာသူက တရားရုံးသို့ ဦးတိုက်လျှောက် ထားမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

7 Days News ဂျာနယ်၏ သတင်းထောက် မအေးသူစံသည် Entertainment စာမျက်နှာ အင်တာဗျူးကဏ္ဍအတွက် သရုပ်ဆောင်ထက်ထက်မိုးဦးအား ချိန်းဆိုရာ ဆီဒိုးနားတွင် ပြုလုပ်မည့် အရောင်းမြှင့်တင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်၍ ထိုအခမ်းအနားသို့ လာရောက်နိုင်ကြောင်း ပြန်လည် ချိန်းဆိုမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းနောက်မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပစ္စည်းအရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Days News သတင်းဂျာနယ်မှ သတင်းထောက်မအေးသူစံအား ကိုယ်ထိလက်ရောက်မှု ပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

အင်တာဗျူးပြုလုပ်ချိန်တွင် မေးခွန်းခုနစ်ခုခန့်မေးပြီးနောက် အဆိုပါသတင်းထောက်က”ပရိသတ်တွေကပြောကြတယ်၊ ထက်ထက်မိုးဦး ဘ၀ကိုခဏခဏ ပြန်စနေရ တယ်၊ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လိုခံစားရလဲ”ဟု မေးမြန်းချက် အပေါ်ထက်ထက်မိုးဦးက ”သွားလိုက်တော့၊ နင်သွားလိုက်တော့ဟု ပြန်လည် ပြောကြားခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် သတင်းထောက် မအေးသူစံကသရုပ်ဆောင် ထက်ထက်မိုးဦးအား တောင်းပန်၍ပြန်ထွက်လာခဲ့ရာ ထက်ထက်မိုးဦးမှာ အပြင်သို့အရင်ရောက်ရှိနေပြီး သတင်းထောက်မအေးသူစံအား ဤသို့မေးသည်မှာ သူ့အားစော်ကားခြင်းဖြစ်ကြောင်း မည်သူမေးခိုင်းသလဲ၊ စာနယ်ဇင်းများ၏ နှစ်ပဲတစ်ပြားလစာကို သနားလို့ ဖြေနေ ခြင်းဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပြီး သတင်းထောက်အားဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ကြောင်း သိရှိရပါသည်။

”ကျွန်တော်မြင်လိုက်ရပါတယ်။ အဲဒီသတင်းထောက်ကိုပါးရိုက်ပြီး အခမ်းအနားကျင်းပရာ ခန်းမထဲကိုပြန်ဝင်သွားတာပါ”ဟု အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင် ဆီဒိုးနား ဟိုတယ်တွင် ရောက်ရှိမြင်တွေ့ခဲ့သူတစ်ဦးက ပြောပါသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့စခန် သို့ ညတွင်းချင်းတိုင်ကြားခဲ့ရာတွင် ဖြစ်စဉ်အရ ရဲရေးမပိုင်သောအမှုဖြစ်ကြောင်း၊ သင်္ဃန်းကျွန်း ဆေးရုံကြီးတွင် ရရှိသောဒဏ်ရာများနှင့် ပတ်သက်၍ ဆေးစစ်မှုမှတ်တမ်းရယူခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ရန်ကင်းမြို့နယ်တရားရုံးသို့ ဦးတိုက် လျောက်ထားခဲ့ ကြောင်း သိရှိရပါသည်။ ရန်ကင်းတရားရုံးသို့ ၂၀၁၀ ခုနှစ်ပြစ်မှုကြီးအမှတ် ၁၈၂/၁၀ ဖြင့် ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်ကြောင်း တရားရုံး ချုပ်ရှေ့နေ ဦးသန်းထွန်း အောင်က ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

”ဒီလိုတရားရင်ဆိုင်ဖို့ စီစဉ်ခဲ့ရတာကတော့ စာနယ်ဇင်းသမားတွေရဲ့ဂုဏ်သိက္ခာနဲ့ စာနယ်ဇင်းရဲ့ဂုဏ်သိက္ခာအတွက်သာ ဆောင်ရွက်ရတာပါ။ သတင်းထောက်တစ် ယောက် အနေနဲ့ကတော့ စာဖတ် ပရိသတ်တွေရဲ့ကိုယ်စားဘယ်မေးခွန်းမဆိုမေးခွင့် ရှိပါတယ်။ ဖြေတဲ့သူကလည်း မဖြေချင်ရင် ငြင်းခွင့်ရှိပါ တယ်။ ငြင်းတာကို လက်ခံ ပါတယ်။ သတင်းစာပညာမှာတော့ Stupid Question ဆိုတာမရှိပါဘူး။ လူမှုရေးကျင့်ဝတ်အရ စောင့်ထိန်းထားရတာပဲ ရှိပါတယ်။ဒါပေမယ့် စာနယ်ဇင်းသမား တစ် ယောက်ကို ဒီလိုကိုယ်ထိလက်ရောက်ပြုမူတာမို့ ကျွန်တော်တို့ကလည်း ဒီလိုတရားရင်ဆိုင် ဖို့စီစဉ်ရတာပါ။

အခုဟာက အေးသူစံတစ်ယောက်အနေနဲ့သာ တရားရင်ဆိုင်တာဖြစ်ပြီး ကျွန်တော်တို့တိုက်အနေနဲ့လည်း ဆက်လက်ပြီးတရားရင်ဆိုင်သွားဖို့ရှိပါတယ်”ဟု 7 Days News ဂျာနယ်မှ တာဝန်ရှိသူအယ်ဒီတာတစ်ဦးက ပြောပါသည်။

ယခုကဲ့သို့ အနုပညာရှင် Celebrity တစ်ယောက်က မီဒီယာသမားတစ်ယောက်ကို ကိုယ်ထိလက် ရောက်ကျူးလွန်ခြင်းမျိုး မြန်မာမီဒီယာလောကတွင် ယခင်က ဖြစ်ပွား ခဲ့သည်ဟု မကြားမိကြောင်း ယခုကဲ့သို့ဖြစ်ပွားသည်မှာ မသင့်လျော်ပါကြောင်း ယခုဖြစ်စဉ်ကို ရှုတ်ချပါကြောင်း ၀ါရင့်မီဒီယာသမားတစ်ဦးက ပြောကြားခဲ့ ပါသည်။

နာကျင်စေမှုနှင့်ပတ်သက်၍ ငွေဒဏ်ဖြစ်စေ၊ အများဆုံး ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အပြစ်ပေးအရေးယူနိုင်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂၃အရသတ်မှတ်ထားကြောင်း၊ အပြင်းအထန်နာကျင်စေမှုများနှင့် ပတ်သက်၍လည်း ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂၅အရ ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင်ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်ဟု ဥပ ဒေပညာရှင်တစ်ဦးက ပြောပါသည်။

REF : Weekly 11

မြိုင်ရာဇာတာတေ၏ သူငယ်ချင်းများ

တာတေ၏ သူငယ်ချင်း ဖြစ်လိုသူများ ဤနေရာတွင် ဖြည့်စွက်သွားကြပါ

သူငယ်ချင်းအားလုံးကိုဖိတ်ခေါ်ပါတယ်ဗျာ ... ... ...